Crew Supervisor / Housekeeping Supervisor
Work Location: Yangon
Job type: Full-Time
Posted: 12-09-2025
Salary: 500,000 Kya / Monthly
Email: may.thu@40hrs.com.mm
Job Requirements
· ကျောင်းဝင်းအတွင်း/အပြင် သန့်ရှင်းရေးနှင့်ပတ်သက်၍ သန့်ရှင်းရေးလုပ်ထုံးလုပ်နည်းများနှင့် စံချိန် စံညွှန်းများကို ရေးဆွဲအကောင်အထည်ဖော်နိုင်ရမည်။
· သန့်ရှင်းရေးသုံးပစ္စည်းများ သုံးစွဲမှု၊ သန့်ရှင်းရေးပြုလုပ်ပုံအဆင့်ဆင့်နှင့် ပတ်သက်၍ သင် တန်း ပေးနိုင်ရ မည်။
· ကျောင်း၏ အဆောက်အအုံနှင့် ရေ၊ မီး ပြုပြင်ထိန်းသိမ်းမှုများကို စီမံခန့်ခွဲရေးကဲ့သို့သော အ ခြားဌာနများ နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရမည်။
· သန့်ရှင်းရေးနှင့်ပတ်သက်သော စံနှုန်းများကို ထိန်းသိမ်းဆောင်ရွက်နိုင်ရမည်။
· သန့်ရှင်းရေးသုံးပစ္စည်းများ သုံးစွဲမှုနှင့်ပတ်သက်၍ စီမံကြီးကြပ်နိုင်ရမည်။
· သန့်ရှင်းရေးဆောင်ရွက်ရာတွင် အန္တရာယ်ရှိစေနိုင်သော ပစ္စည်းများကို စနစ်တကျ ကိုင် တွယ် စွန့်ပစ်ခြင်း၊ ကျန်းမာရေးနှင့် ဘေးကင်းရေးစည်းမျဉ်းများကို လိုက်နာစေရန် စီမံကြီးကြပ် ဆောင်ရွက်နိုင်ရမည်။
· ခေတ်မှီ သန့်ရှင်းရေးသုံးပစ္စည်းများကို အမြဲလေ့လာနိုင်ရမည်၊ လိုအပ်ချက်ပေါ် မူတည်၍ တာဝန်ရှိ လူကြီးများထံသို့ တင်ပြပေးနိုင်ရမည်။
· Crew ဝန်ထမ်းများ၏ အလုပ်တာဝန်များအပေါ် စီမံကြီးကြပ်နိုင်ရမည်။
· စီမံဌာနမှ သတ်မှတ်ချက်များကို အကောင်အထည်ဖော်နိုင်ရမည်။
· ကုမ္ပဏီမှ စီစဉ်ပေးသော သင်တန်းများအား တက်ရောက်နိုင်ရမည်။
သန့်ရှင်းရေးဝန်ထမ်းရာထူးနှင့် ကြီးကြပ်ရေးမှူးရာထူး၏လိုအပ်ချက်
· ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
· အကျင့်စာရိတ္တ အထူးကောင်းမွန်၍ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်သူဖြစ်ရမည်။
· သန့်ရှင်းရေးသုံးပစ္စည်းများအား ကိုင်တွယ်သုံးစွဲတတ်သူဖြစ်ရမည်။
· ပညာအရည်အချင်း အနည်းဆုံး အလယ်တန်းအဆင့်ရှိရမည်။ (သန့်ရှင်းရေးဝန်ထမ်းရာထူး)
· ပညာအရည်အချင်း ဘွဲ့ရ အဆင့်ရှိရမည်။ (ကြီးကြပ်ရေးမှူးရာထူး)
· သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ် အထက်ရှိရ မည်။ (ကြီး ကြပ် ရေးမှူး ရာထူး)

Jobs You May Be Interested