HR Manager | 40HRS

HR Manager

Work Location: Naypyidaw

Job type: Full-Time

Posted: 16-07-2025

Salary: Negotiate

Email: soe.htway@40hrs.com.mm

Job Description

·       အဖွဲ့အစည်းအတွင်းရှိ အားလုံးသော ဝန်ထမ်းများအား ခန့်အပ်ရွေးချယ်ရေး၊ ဆက်သွယ်ဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တူညီသော အခွင့်အလမ်း ရရှိရေး၊ မူဝါဒစနစ်များ လိုက်နာရေး တို့အတွက် သက်ဆိုင်ရာ မန်နေဂျာများနှင့် ဆွေးနွေးခြင်း၊ အကြံဉာဏ် ပေးခြင်းများကို ဆောင်ရွက်ရန်။ 

·       သက်ဆိုင်ရာဌာန/ လုပ်ငန်းများအလိုက် ဝန်ထမ်းအင်အားဖြည့်တင်းရေး စီမံချက်ရေးဆွဲ ခြင်း များ ကို ဆောင်ရွက်ရမည်။

·       သတ်မှတ်ထားသောအချိန်အတွင်း အရည်အချင်းပြည့်မီသော ဝန်ထမ်းများအား ခန့်အပ်နိုင်ရေးအတွက် ဆောင်ရွက်ပေး ရမည်။

·       ရသုံးမှန်းခြေငွေစာရင်းတွင် မပါဝင်သော ဝန်ထမ်းခန့်အပ်စရိတ်များအား ခွင့်ပြုချက်မရယူမီ သုံးသပ်ခြင်းနှင့် စိစစ်ခြင်း များကို ဆောင်ရွက်ရမည်။

·       လုပ်ငန်းတာဝန်၊ ဝတ္တရားများ၊ လုပ်ငန်းခန့်ထားရန်အတွက် လိုအပ်သော သတ်မှတ်ချက်များကို စစ်ဆေးရမည်။ 

·       ဝန်ထမ်းခန့်အပ်ရေးလုပ်ငန်းစဉ်များဖြစ်သော ကြော်ငြာထုတ်ပြန်ခြင်း၊ လျှောက်လွှာများစိစစ်ခြင်း၊ အင်တာ ဗျူး စီ စဉ် ခြင်း၊ ရွေးချယ်ခြင်း၊ EC ချုပ်ဆိုခြင်း၊ အစမ်းခန့်ကာလ ဝန်ထမ်း စွမ်း ဆောင် ရည်အကဲ ဖြတ်ခြင်း ဆိုင်ရာ လုပ် ငန်းစဉ်များကို ကြီးကြပ် ကွပ်ကဲရမည်။

·       ဝန်ထမ်းပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်း၊ နှုတ်ထွက်ခြင်း၊ နှုတ်ထွက်ဝန်ထမ်းများနှင့် Exit Interview ဆောင်ရွက်၍ ကုမ္ပဏီအတွက် သတင်းအချက်အလက်များကို ဖော်ထုတ် ခြင်း၊ထုတ်ပယ်ခြင်းဆိုင်ရာကိစ္စရပ်များကို စိစစ်ခြင်း၊ ကြီးကြပ်ခြင်း၊ များဆောင်ရွက်ရမည်။

·       HR လုပ်ငန်းစဉ်များ ISO Standard နှင့် ကိုက်ညီခြင်းရှိ/ မရှိ စိစစ်ခြင်း၊ သုံးသပ်ခြင်း၊ ညွှန်ကြားခြင်းများ ဆောင်ရွက်ရမည်။ 

·       HR နှင့် ပတ်သက်သော အထွေထွေ ရသုံးမှန်းခြေငွေစာရင်းများကို ပြင်ဆင်ခြင်း၊ ရေးဆွဲခြင်း၊ ထိန်းသိမ်းခြင်း၊ စိစစ်ခြင်း၊ များကို ဆောင်ရွက်ရမည်။

·       ဝန်ထမ်းတစ်ဦးချင်းစီ၏ ရုံးတက်/ ရုံးဆင်းမှတ်တမ်းများ၊ ခွင့်ရက်များနှင့် ပတ်သက်သည့် အကြောင်းအရာများ မှတ်တမ်းတင်ခြင်း၊ ထားနိုင်ရေးအတွက် ကြီးကြပ် ကွပ်ကဲခြင်းနှင့် နှင့် သက်ဆိုင်ရာတာဝန်ခံများနှင့် ညှိနှိုင်းခြင်းများ ဆောင်ရွက်ရမည်။

·       လစဉ်ဝန်ထမ်းလစာစာရင်းရေးဆွဲခြင်း၊ SSB, Income Tax ပေးဆောင်ခြင်းကိစ္စများကို စိစစ်ခြင်း၊ ကြီးကြပ်ခြင်း ကိစ္စများ ဆောင်ရွက်ရမည်။

·       ဝန်ထမ်းသက်သာချောင်ချိရေးအစီအစဉ်များချမှတ်ခြင်း၊ ခွင့်ခံစားမှု၊ ကျန်းမာရေး၊ အာမခံ၊ ပင်စင်၊ ထောက်ပံ့မှုများ စသည့် ခံစားခွင့်များကို စီမံခန့်ခွဲပေးရမည်။ 

·       ဝန်ထမ်းများ၏ မကျေနပ်မှုများ၊ အဆင်မပြေမှုများကို ကြားနာပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းများကို ဆောင် ရွက် ရမည် 

·       ကုမ္ပဏီကိုယ်စား ဝန်ထမ်းရေးရာနှင့် ပတ်သက်သော ကိစ္စများကို ကြားနာခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းကိစ္စများ ဆောင်ရွက် ပေးရမည် ။  ဝန်ထမ်းများ၏ စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာများအတွက် အကြံဉာဏ်ပေးခြင်း၊ ပူး ပေါင်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ရမ- ဝန်ထမ်းများအတွက် ပျော်ပွဲရွှင်ပွဲဆိုင်ရာများ၊ အခမ်းအနားများ၊ ခရီးများစီစဉ်ပေးခြင်းများကိုဦးဆောင်ကြီးကြပ် ဆောင်ရွက်ရမည်။

·       ဝန်ထမ်းရေးရာကိစ္စရပ်များအား အလုပ်သမားဥပဒေနှင့် လျော်ညီစွာ ကျင့်သုံးလိုက်နာစေခြင်းတို့ကို ပေါင်းစပ် ညှိ နှိုင်း ခြင်းများ ဆောင်ရွက်ရမည်

·       ဝန်ထမ်းများ၏ လျှောက်လွှာများ၊ မှတ်တမ်းများ၊ စာရွက်စာတမ်းအထောက်အထားများကို စနစ်တကျ ထိန်းသိမ်း ခြင်းများ ဆောင်ရွက် ရမည်။

·       ဝန်ထမ်းသစ်များအတွက် Orientation & Induction Program အား ဆောင်ရွက်ခြင်းနှင့် ကုမ္ပဏီ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော သင်တန်းများကို ဖော်ဆောင်ခြင်း၊ သင်တန်းစီမံချက်ရေးဆွဲခြင်း၊ သင်တန်းများ ကိုစီစဉ်ဆောင်ရွက် အကောင်အထည်ဖော်ပေးခြင်း၊ ဦးဆောင်ခြင်း၊ စီမံခန့်ခွဲခြင်းများကို ပြုလုပ်ရမည်။ 

·       သင်တန်းမှတ်တမ်းများအား စနစ်တကျ ထိန်းသိမ်းခြင်း၊ သင်တန်းဆင်းလက်မှတ်များ ဆောင်ရွက်ပေးခြင်းများ စီမံဆောင်ရွက်ရမည်။

·       ဝန်ထမ်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

·       စွမ်းဆောင်ရည်များအား သုံးသပ်ခြင်းများ ဆောင်ရွက်ခြင်း၊ အစီရင်ခံတင်ပြခြင်း၊ သက်ဆိုင်ရာ စွမ်းဆောင်ရည်များ အလိုက် ပွင့်လင်းစွာ အကြံပြုပေးခြင်း၊ လိုအပ်ချက်များအားပိုမိုတိုးတက်စေရန် လမ်းညွှန်မှုပေးခြင်းများ ဆောင် ရွက်ရမည်။

·       စွမ်းဆောင်ရည်ဆိုင်ရာ မှတ်တမ်းများ ထိန်းသိမ်းခြင်းများကိုကြီးကြပ်ကွပ်ကဲဆောင်ရွက်ရမည်

·       သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ Organization Structure ရေးဆွဲပေးခြင်း၊ Workforce Planning ရေးဆွဲခြင်းများ ဆောင်ရွက်ရမည်။

·       ဌာနအလိုက်ရေးဆွဲတင်ပြသော Job Description (JD) များအား ဝန်ထမ်းတစ်ဦးချင်းအလိုက် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ကွဲလွဲနေပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရမည်။

·       ဌာနအလိုက်ဆောင်ရွက်နေသော Standard Operating Procedures (SOP) များ လုပ်ငန်းစဉ်အလိုက် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ကွဲလွဲနေပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရမည်။

·       ကုမ္ပဏီမှ ပေးအပ်သော Human Resources ဆိုင်ရာ အထူးတာဝန်များကို ဆောင်ရွက်ရမည်။

Job Requirements

·       B.Dev, M.B.A, M.Dev သို့ ဘွဲ့ရပြီး HR Diploma ရပြီးသူဖြစ်ရမည် 

·       HR Operation ပိုင်းတွင်လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး () နှစ်နှင့် HR Supervisory ပိုင်းတွင် အနည်းဆုံး() နှစ်ရှိရမည်။

·       Computer Microsoft Office suite (Windows, MS Word, Excel, and PowerPoint) ကျွမ်းကျင်စွာ အသုံးပြုတက်ရမည်။ HR Software ပိုင်းများအသုံးပြုတက်ရမည်။ မြန်မာ အင်္ဂလိပ် ()ဘာသာဖြင့် ရေးသား၊ဆက်သွယ် နိုင်ရမည်။

·       အလုပ်သမား ဥပဒေနှင့် HR လုပ်ထုံးလုပ်နည်းများအား ကောင်းမွန်သိရှိနားလည်ရမည်။

·       နားထောင်မှုစွမ်းရည်၊ တင်ပြမှုစွမ်းရည်၊ ညှိနှိုင်းဆောင်ရွက်မှုစွမ်းရည်၊ ဦးစီးဆောင်ရွက်မှုနှင့် ဆက်သွယ်မှုစွမ်းရည် ကောင်းမွန်ရမည်။

·       လုပ်ငန်းစီမံခန့်ခွဲသူများ၏ မျှော်လင့်မှုချက်အား ကောင်းမွန်စွာသိရှိနားလည်ရမည်။

·       ဝန်ထမ်းများ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများအား အကြံပြုခြင်းနှင့် ရူထောင့်ပေါင်းစုံမှသုံးသပ်ခြင်း များအား ယုံကြည်မှု ရှိစွာဖြင့် ဆောင်ရွက်နိုင်ရမည်။

·       HR ဗျူဟာဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းတစ်ဦးချင်းဆီ၏သင့်လျှော်သည့် ဖွံဖြိုး တိုး တက်မှု နှင့် မြင့်မားသည့်စွမ်း ဆောင်ရည်ဖြင့်ဝန်ထမ်းများအား စိတ်ကျေနပ်မှု ပြည့်အောင်ဆောင်ရွက်နိုင်ရမည်။

·       အရေးကြီးသည့်သတင်းအချက်အလက်များအား ဆောင်ရွက်ရာတွင် အချိန်နှင့် အမျှလုံ ခြုံစွာ လျို့ ဝှက် ထိန်း သိမ်း ထားနိုင်ရမည်။

·       ကုမ္ပဏီရှိအဆင့်ဆင့်ရှိသည့် ဝန်ထမ်းများအားလုံးနှင့် ကောင်မွန်သည့် ဆက်ဆံရေးကို တည်ဆောင်နိုင်၍ ထိရောက် စွာစီမံခန့်ခွဲနိုင်ရမည်။

Refer friend

Please fill all field in below refer to friend

© Copyright 2000 - 2026, 40HRS. All Rights Reserved

Sign In

Choose one of the following sign in methods.